မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျေးလက်ကျန်းမာရေးဌာနများသို့ Supervisory Check List ဖြင့် ကွင်းဆင်းစစ်ဆေး

ရန်ကုန်မြို့ ၊ ၂၀၂၀ပြည့်နှစ်၊သြဂုတ်လ(၁၁)ရက်

     (၁၁.၈.၂၀၂၀) ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းဝင်းမာ၏ ညွှန်ကြားချက်ဖြင့် မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာအောင်ဖြိုးမှ ကျေးလက်ကျန်းမာရေးဌာနများသို့ Supervisor Check List ဖြင့် ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းအား ဆောင်ရွက်ခဲ့ပါသည်။ ကျေးလက်ကျန်းမာရေးဌာနများတွင် ဆောင်ရွက်နေမှု လုပ်ငန်းများအား အသေးစိတ်ကြည့်ရှုမေးမြန်းခဲ့ပြီး လိုအပ်သည်များအား မှာကြား ဆောင်ရွက်ပေးခဲ့ပါသည်။ မကူးစက်နိုင်သောရောဂါများနှင့် ပတ်သက်၍လည်း Formပုံစံဖြည့်ခြင်း၊ CVD Risk တွက်နည်းများ၊ ဆေးကုသမှုပေးခြင်း လုပ်ငန်းများအား အသေးစိတ် သင်ကြားပြသပေးခဲ့ပါသည်။

 

 

More Tags