ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်တွင် အာဟာရဖွံ့ဖြိုးရေး ဒုတိယ ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

ရန်ကုန်မြို့၊(၂၀၂၀)ပြည့်နှစ်၊သြဂုတ်(၁၁)ရက်

     ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဒဂုံမြို့နယ်ရှိ ဘုရားကြီးရပ်ကွက်တွင် အာဟာရဖွံ့ဖြိုးရေး ဒုတိယရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အဆင့်မြင့် ဆက်သွယ်ရေးတပ်ရှိ ငါးနှစ်အောက် ကလေးများအား ဗီတာမင်အေ တိုက်ကျွေးခြင်းလုပ်ငန်း၊ သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်း၊ လက်မောင်း လုံးပတ်တိုင်းခြင်းနှင့် ကိုယ်အလေးချိန်ခြင်းလုပ်ငန်းတို့ကို အခြေခံကျန်းမာရေး ပညာရှင်များမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

 

 

More Tags