ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင်Reorientation Training for PHS-2 through Mobile Tablet သင်တန်းကျင်းပပြုလုပ်

မင်းပြားမြို့၊ (၂၀၂၀)ပြည့်နှစ်၊ သြဂုတ်လ(၁၂)ရက်

     ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် Mobile Tablet အသုံးပြု၍ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) များအား မွမ်းမံသင်တန်းပို့ချခြင်း သင်တန်းကို (၈-၈-၂၀၂၀)ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို မင်းပြားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ (၂၀၂၀)ပြည့်နှစ်၊ ဩဂုတ်လ(၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းကို (၈-၈-၂၀၂၀ မှ ၁၀-၈-၂၀၂၀) ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်သင်ကြားရေးအဖွဲ့မှ ဆရာများက သင်ခန်းစာများအား သင်ကြားပို့ချသွားပါမည်။

 

 

More Tags