မကွေးတိုင်းဒေသကြီးတွင် Meeting on Selective Indicators for Scorecard အစည်းအဝေး ကျင်းပပြုလုပ်

မကွေးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ သြဂုတ်လ (၁၁) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အမျိုးသားကျန်းမာရေးစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (NIMU) နှင့် မကွေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ Meeting on Selective Indicators for Scorecard အစည်းအဝေးကို တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၁၁.၈.၂၀၂၀)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် ကျင်းပသည်။

     အစည်းအဝေးတွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက အဖွင့်မှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် လူတိုင်းလက်လှမ်းမှီ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကိုဦးတည်လျှောက်လှမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးသတင်းအချက်အလက်စနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးပြည့်ဝသည့် ကိန်းဂဏန်းအချက်အလက်များရရှိရေးသည် များစွာအရေးကြီးပါကြောင်း ပြောကြားသည်။ ထို့နောက် NIMU မှ ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇင်ထွန်းက လူတိုင်းလက်လှမ်းမှီ ကျန်းမာရေးစောင့်ရှောက်မှု (UHC) အကြောင်းကို တင်ပြဆွေးနွေးသည်။

 

     အစည်းအဝေးသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ NIMU မှ ညွှန်ကြားရေးမှူး ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်များ၊မြို့နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

More Tags