တောင်ကြီးမြို့တွင် In-house Capacity Building Training ကျင်းဆောင်ရွက်

တောင်ကြီးမြို့၊၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၁ ရက်

     Access to Health Fund (State Health Grant) ၏ အထောက်အပံ့ဖြင့် In-house Capacity Building Training ကို ဩဂုတ်လ ၁၁ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ရာ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန်များ တက်ရောက်ပါသည်။

 

     အခမ်းအနားတွင် ပြည်နယ်အထူးရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုနှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာဟန်ထူးအောင်တို့က EPI Microplan နှင့် Workplan ရေးဆွဲနည်းများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ကျေးလက်ကျန်းမာရေးဌာန၊ မြို့နယ်အဆင့်ဆင့် ရေးဆွဲရမည့်ပုံစံများကို ရှင်းလင်းပြီး တက်ရောက်လာသူများမှ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

More Tags