ညောင်ဉီးမြို့တွင် ၂၀၂၀ ခုနှစ် နှစ်၀က် ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ညောင်ဦးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၇) ရက်

     ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ ညောင်ဦးခရိုင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၀ ခုနှစ် နှစ်၀က် ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ ကိုကျင်းပခဲ့ပါသည်။ ညောင်ဦးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၀ ခုနှစ် နှစ်၀က် ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပရာ အခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေစင်ထိုက်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     ထို့နောက် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ပုဂံ ဒေသန္တရ ကျန်းမာရေးဌာန၊ ငါ့သရောက်တိုက်နယ်ကျန်းမာရေးဌာန၊ တောင်ဇင်းတိုက်နယ်ကျန်းမာရေးဌာန၊ လက်ပံခြေပေါ်၊ စက်စက်ယို၊ ဖွားစော၊ တက်မ၊ သဲပြင်တော၊ စဉ့်ကူကျေးလက်ကျန်းမာရေးဌာနတို့မှ တာ၀န်ရှိသူများက ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး၊ ကျန်မာရေးမှူး ( ၁ ) နှင့် လက်ထောက်ကျန်းမာရေးမှူး များက ဖြည့်စွက် ဆွေးနွေးကြပါသည်။ ၂၀၂၀ နှစ်၀က် ပြည်သူ့ကျန်းမာ‌ရေးလုပ်ငန်း ဆန်းစစ်‌ဆွေးနွေးပွဲ သို့ ကျန်းမာရေး၀န်ထမ်း ၁၄၀ ကျော် တက်ရောက်ခဲ့ပါသည်။

 
 

More Tags