မင်္ဂလာဒုံမြို့နယ်တွင်းရှိ Hotel နှင့် Facility Quarantine နေထိုင်သူများအား COVID -19 ‌ ‌ရောဂါ ရှိ/မရှိ သိနိုင်ရန် ရောဂါရှာဖွေခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်မြို့ ၊၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၈) ရက်

     (၈.၈.၂၀၂၀) ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ Hotel နှင့် Facility Quarantine နေထိုင်သူများအား COVID-19 ရောဂါရှာဖွေရန်အတွက် ဓာတ်ခွဲနမူနာများ ပေးပို့ရန်အတွက် ဆောင်ရွက်ခဲ့ကြပါသည်။ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်နှင့် COVID-19 ရောဂါ ကူးစက်မှု မှလျော့ချနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါသည်။ ၎င်းလုပ်ငန်းအား DMRအဖွဲ့မှ လာရောက်၍ ဆောင်ရွက်ခဲ့ကြပြီး Quarantine centre တာဝန်ရှိသူများ၊ အခြေခံကျန်းမာရေးပညာရှင်များ၊ ဆေးဝန်ထမ်းများ၊ Hotel နှင့် Facility Quarantine volunteerများ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

More Tags