ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့တွင် Training on Management of TB for Health Facility Staff ကျင်းပပြုလုပ်

ကျောက်ကြီးမြို့၊ (၂၀၂၀) ခုနှစ်၊ဩဂုတ်လ (၁၀) ရက်

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် Training on Management of TB for Health Facility Staff သင်တန်းဖွင့်ပွဲကို (၁၀-၈-၂၀၂၀) ရက်နေ့၊ နံနက် (၉) နာရီ အချိန်၌ ကျောက်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလွင်ဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


     အဆိုပါသင်တန်းတွင် သင်တန်းဆရာများအဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး (တီဘီ/အနာကြီး) ဒေါက်တာဆွေဆွေသန်း၊ အထက်တန်းသူနာပြု ဦးဝင်းကျော်ဦးတို့မှ သင်တန်းဆရာများအဖြစ် တီဘီ/ဆေးယဉ်ပါး တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအကြောင်းနှင့် ဆေးကုသမှု ကုထုံးများ၊ တီဘီလူနာရှာဖွေခြင်း ကုသခြင်း ကာကွယ်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ သင်ကြားပို့ချမှုကို (၁၀-၈-၂၀၂၀) မှ (၁၁-၈-၂၀၂၀) ရက်နေ့ထိ (၂)ရက်တာ ကျင်းပသွားမည် ဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား (၃၅) ယောက် တက်ရောက်ခဲ့ပါသည်။

 

More Tags