ကာလိမြို့အခြေခံပညာအထက်တန်းကျောင်း၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကာလိမြို့၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၆ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ အခြေအနေများကို သြဂုတ်လ ၆ ရက်နေ့က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

     ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ကွန်ဟိန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်မောင်စိုး၊ ကွန်ဟိန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ဦးရဲမင်းဌေး၊ ကွန်ဟိန်းမြို့နယ် ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်၊ ကွန်ဟိန်းမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးကျန်းမာရေးဒေါ်နန်းဝတ်ရည်ထွန်းနှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများ ကျောင်းအတွင်းမဝင်မီ လက်ဆေးဘေစင်၊ လက်သန့်ဆေးရေဖြင့်လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း၊ Face Shield မျက်နှာကာများ စနစ်တကျ တပ်ဆင်ထားခြင်းရှိ/မရှိ နှင့် ကျောင်းသားမိဘများ ကျောင်းသို့မလာမည်နှင့် လာရောက်စဉ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

More Tags