ပင်လောင်းမြို့နယ်၊ တီကျစ်မြို့ စာသင်ကျောင်းများအား စံသတ်မှတ် လမ်းညွှန်ချက်များနှင့်အညီ နေ့စဉ်ဆောင်ရွက်မှု အခြေအနေ ကွင်းဆင်းစစ်ဆေး

ပင်လောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၆ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ် တီကျစ်အထက၊ ထီရယ်အထကနှင့် အထက(ခွဲ)လယ်ကြား အခြေခံပညာကျောင်းများတွင် Covid-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် စံသတ်မှတ် လမ်းညွှန်ချက်များနှင့်အညီ နေ့စဉ်ဆောင်ရွက်မှုအခြေအနေ ဆက်လက်တည်ရှိစေရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းကို ဩဂုတ်လ ၆ ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ပညာရေးမှူး၊ မီးသတ်တပ်ဖွဲ့၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ တီကျစ်တိုက်နယ်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများသည် စာသင်ကျောင်းများအား  စံသတ်မှတ်လမ်းညွှန်ချက်များနှင့် အညီ နေ့စဉ်ဆောင်ရွက်မှုအခြေအနေများကို Checklist အတိုင်း ကွင်းဆင်းစစ်ဆေးပြီး ကျောင်းသူကျောင်းသားများအား COVID-19 ရောဂါနှင့်ပတ်သက်သည့် မေးခွန်းများမေးမြန်းခြင်း၊ Mask များ၊ Face Shield များတပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

More Tags