ပင်းတယမြို့နယ်တွင် ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပင်းတယ၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၉ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်၊ မဲနယ်တောင်ကျေးလက်ကျန်းမာရေးဌာနခွဲမှ အခြေခံကျွမ်းကျင်ကျန်းမာရေးပညာရှင်များဦးဆောင်ကာ ကျေးရွာအတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အရံသားဖွားဆရာမများ၊ စေတနာ့ဝန်ထမ်းလူငယ်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် မဲနယ်တောင်ကျန်းမာရေးဌာနအပိုင် အရှေ့ကုန်းရပ်ကွက်သို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လန်းနှိမ်နင်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဆေးမှုတ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်သော အချက်အလက်များကို ကျန်းမာရေး အသိပညာပေးခြင်းတို့ကို တစ်အိမ်တက်ဆင်းဆောင်ရွက်ခဲ့ပါသည်။

 

 

 
 

More Tags