ပဲခူးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ပဲခူး၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၆ ရက်

     ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာနီနီလှိုင် (ပြည်သူ့ကျန်းမာ) သည် ပဲခူးတိုင်းဒေသကြီးပညာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၆-၈-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ COVID-19 ရောဂါကာကွယ်တားဆီးရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းများတွင် COVID-19 ရောဂါကာကွယ်တားဆီးရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ရောဂါသံသယလက္ခဏာရှိသူ/ ဖျားနာသူ/ COVID-19 ရောဂါပိုးရှိသူအား တွေ့ရှိပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပိုးသတ်သန့်စင်ခြင်းပြုလုပ်ရန်အတွက် ဆောင်ရွက်ထားရှိမှုများ၊ ရောဂါကူးစက်မှုကာကွယ် တားဆီး နိုင်ရေး အတွက် ဆောင်ရွက်ရမည့် ရေသန့်၊ ပတ်ဝန်းကျင်သန့်၊ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းနှင့် စနစ်တကျလက်ဆေးရန် ဆောင်ရွက်ထားရှိမှုများအား ဆန်းစစ်ပုံစံများဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

     ထို့အပြင် ကျောင်းအုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆရာ၊ ဆရာမများအတွက် အဓိကသတင်းအချက်အလက်များနှင့် လုပ်ဆောင်ရမည့်အချက်များ၊ ကျောင်းသူ/ကျောင်းသားများနှင့် မိဘများ လိုက်နာဆောင်ရွက် ရမည့်အချက်များ ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၏ အခန်းကဏ္ဍနှင့်တာဝန်ဝတ္တရားများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

More Tags