ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (EHO and CSO Coordination Meeting) ကျင်းပပြုလုပ်

လွိုင်ကော်မြို့၊ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၄)ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၄-၈-၂၀၂၀)ရက်နေ့၌ ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (EHO and CSO Coordination Meeting) ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်စန်းမြင့်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်ဝမ်း၊ ဒု-ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးမှ ပြည်နယ်ကျန်းမာရေးဌာနမှ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြခဲ့ပါသည်။ တက်ရောက်လာသော EHO အဖွဲ့၊ CSO အဖွဲ့များ၊ INGOs အဖွဲ့စည်းများမှ ၎င်းတို့ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများနှင့် ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးကြပါသည်။ အခမ်းအနားသို့ ကျန်းမာရေးဝန်ထမ်းများ၊ EHO and CSO အဖွဲ့မှ တာဝန်ခံများ စုစုပေါင်း (၃၇)ဦး တက်ရောက်ခဲ့ပါသည်။

 

 

More Tags