ပေါင်းတည်မြို့နယ်တွင် တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းဆောင်ရွက်ရန် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ

ပေါင်းတည်မြို့၊၂၀၂၀ပြည့်နှစ်၊ဩဂုတ်လ(၇)ရက်

     ပဲခူးတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပေါင်းတည်အကျဉ်းဦးစီးဌာနတို့ပူးပေါင်း၍ ပေါင်းတည်မြို့နယ်နှင့် ပေါင်းတည်အကျဉ်း ထောင်များရှိ ပြည်သူလူထုများတွင် တီဘီရောဂါ ရှာဖွေကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အကြိုညှိနှိုင်း အစည်းအဝေးကို (၆-၈-၂၀၂၀)ရက်နေ့နှင့် (၇-၈-၂၀၂၀) ရက်နေ့တို့တွင် ကျင်းပခဲ့ ပါသည်။ ပေါင်းတည်းအကျဉ်းထောင်ရှိ အကျဉ်းသားများတွင် တီဘီရောဂါရှာဖွေစစ်ဆေးခြင်းကို (၁၇-၈-၂၀၂၀) မှ (၁၉-၈-၂၀၂၀) ရက်နေ့ထိ (၃)ရက်တာ စစ်ဆေးသွားမည်ဖြစ်ပါသည်။

 


     ထို့နောက် ပေါင်းတည်မြို့နယ်အတွင်းရှိ ကျွဲတဲကျေးလက်ကျန်းမာရေးဦးစီးဌာနခွဲ၊ အဂ္ဂရာပြည့် ကျေးလက်ကျန်းမာရေးဦးစီးဌာန၊ မှတ်တိုင်ကျေးလက် ကျန်းမာရေးဦးစီးဌာနနှင့် သဖန်းကုန်း ကျေးလက်ကျန်းမာရေးဦးစီးဌာန နေထိုင်ကြသော ပြည်သူလူထုများအား အခမဲ့ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ဓါတ်မှန်ရိုက်ပေးခြင်း၊ သလိပ်စစ်ဆေးပေးခြင်း၊ ဆီးချိုစစ်ဆေးပေးခြင်း၊ ကျန်းမာရေး အသိပညာ ပေးခြင်းများဆောင်ရွက်ခြင်းတို့ကို (၂၁-၈-၂၀၂၀) ရက်နေ့မှ စတင်၍ (၂၄-၈-၂၀၂၀) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

More Tags