သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာတွင် ငှက်ဖျားကင်းဝေးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သပိတ်ကျင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၄ ရက်

     မန္တလေးတိုင်းဒေသကြီး ရပကန (ငှက်ဖျား)မှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာတင့်ဝေ ဦးဆောင်သော အဖွဲ့သည် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၀-ခုနှစ်၊ သြဂုတ်လ (၄)ရက်နေ့တွင် ငှက်ဖျားကင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ တိုင်းဒေသကြီးတွင် သတ်မှတ်ကာလအတွင်း ငှက်ဖျားကင်းဝေးရေး ရည်မှန်းချက် ပြည့်မှီနိုင်စေရန် ငှက်ဖျားပိုးတွေ့ လူနာနှင့် ဆက်စပ်မှုရှိသည့် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာရှိ ဆက်စပ်သူများအားလုံးကို RDT နှင့် Microscope နှစ်မျိုးလုံးဖြင့် ငှက်ဖျားရောဂါပိုး ရှာဖွေစစ်ဆေးပေးခဲ့ပါသည်။ ငှက်ဖျား ရောဂါပိုး ကူးစက်ခံထားရသူ လူနာအား သတ်မှတ်ထားသော စံပြုဆေးဝါး ကုသနည်းများဖြင့် အခမဲ့ကုသပေးခဲ့ပါသည်။

 

     ကွင်းဆင်းဆောင်ရွက်ရာတွင် ငှက်ဖျားပိုးတွေ့လူနာနှင့် ဆက်စပ်နေရာများအား ရောဂါစုံစမ်းထောက်လှမ်းခြင်း (Case Investigation) ၊ ရောဂါအမျိုးအစားခွဲခြားခြင်း (Case Classification)၊ ငှက်ဖျား ကူးစက်နိုင်မှု နေရာများရှာဖွေခြင်း (Foci Investigation)၊ ငှက်ဖျားကူးစက်နိုင်မှုနေရာ အမျိုးအစားခွဲခြားခြင်း (Foci Classification)၊ ငှက်ဖျားရောဂါကူးစက်မှု ဖြတ်တောက်နိုင်ရန် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ခြင်း (Foci Response)၊ Entomological Surveillance ဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ တာရှည်ခံဆေးစိမ်ခြင်ထောင် အခမဲ့ဖြန့်ဝေပေးခြင်း၊ Fever Surveillance နှင့် အခမဲ့ဆေးကုသပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

More Tags