မြို့သစ်မြို့နယ်တွင် PHS-II Reorientation Training through Mobile Tablet သင်တန်း ကျင်းပပြုလုပ်

မြို့သစ်မြို့၊၂၀၂၀ပြည့်နှစ်၊ဩဂုတ်လ(၅)ရက်

     မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် Mobile Tablet အသုံးပြု၍ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) များအား မွမ်းမံသင်တန်းပို့ချခြင်း သင်တန်းကို (၅-၈-၂၀၂၀)ရက်နေ့ မှစတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို COVID-19 ကာကွယ်တာဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) များအား သင်ကြားပေးလျက်ရှိပါသည်။ သင်တန်းဆရာများမှာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁)၊ မြို့နယ်သူနာပြုအဆင့်(၁)၊ လက်ထောက်ကျန်းမာရေးမှူးများမှ တာဝန်ယူသင်ကြား ပေးလျက်ရှိပါသည်။

 

More Tags