နေပြည်တော်ပညာရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ နေပြည်တော် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၆)ရက်

     နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ညွှန်ကြားရေးမှူး၊ နေပြည်တော်ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များသည် နေပြည်တော် လယ်ဝေးမြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်း(၃)ကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်းတို့အား COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားမှု ရှိ/မရှိ ယနေ့နံနက်တွင် သွားရောက်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။ နေပြည်တော် ကောင်စီဝင်နှင့်အဖွဲ့သည် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များအား သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

 

 

More Tags