ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး ကြီးကြပ်ဆန်းစစ်ခြင်းအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်း အစည်းအဝေးကျင်းပ

ဟားခါးမြို့၊၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၅)ရက်

     ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ နာယကအဖြစ် ဆောင်ရွက်သော ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး ကြီးကြပ်ဆန်းစစ်ခြင်းအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်း အစည်းအဝေးကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၅)ရက်နေ့က ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 


     ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံနှင့် ပြည်နယ်ပညာရေးဦးစီးမှူး ဦးဘီကူးဒူတို့မှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြပြီး တက်ရောက်လာကြသော ပြည်နယ်ကော်မတီဝင်များမှ ကြုံတွေ့ရသော အခက်အခဲများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြပါ သည်။

 

More Tags