ဟားခါးမြို့နယ်၊ အထက(ခွဲ)တွင် COVID-19 ရောဂါကာကွယ် တားဆီးရေး နေ့စဉ်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

ဟားခါး၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၄ ရက်

     ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော အချက်များနှင့်အညီ ဖွင့်လှစ်ထားရှိသည့် အခြေခံအထက်တန်းကျောင်းများတွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေး နေ့စဉ်ဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက်မှု ရှိ/မရှိကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၄) ရက်နေ့ နံနက် (၉)နာရီအချိန်က ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင် ဦးဆောင်လျက် တာဝန်ရှိသူများပူးပေါင်း၍ အထက(ခွဲ) ဟားခါးသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

 

     ထိုသို့ ကွင်းဆင်းရာတွင် စာသင်ကြားရန်ရောက်ရှိလာသည့် ကျောင်းသား/ကျောင်းသူများ Reusable Mask, Face Shield တပ်ဆင်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ၊ လက်ဆေးရန် သတ်မှတ်ထားသော နေရာများတွင် စနစ်တကျ လက်ဆေးခြင်းများ၊ စာသင်ခန်းအဝင်၊ စာသင်ခန်းအတွင်း (၆)ပေကွာထိုင်ကာ စာသင်ကြားခြင်းတို့အပါအဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က နေ့စဉ်ဆန်းစစ်ရန် သတ်မှတ်ထားသော COVID-19 ရောဂါကာကွယ်တားဆီးရေး စီမံဆောင်ရွက်ရန်အချက်များ စနစ်တကျဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆွေးနွေးပြောကြားခဲ့ကြပါသည်။

 
 

More Tags