ဟားခါးမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် ကျောင်းများ၌ COVID-19 ရောဂါ ကာကွယ်တားဆီးရေး နေ့စဉ်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

ဟားခါး၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၃၀ ရက်

     ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော အချက်များနှင့်အညီ ဖွင့်လှစ်ထားရှိသည့် အခြေခံပညာအထက်တန်းကျောင်းများတွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေး နေ့စဉ်ဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက်မှု ရှိ/မရှိကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့ ၊ နံနက် (၈) နာရီအချိန်က ချင်းပြည်နည် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်၊ ချင်းပြည်နယ်ပညာရေးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး ဦးဘီကူးဒူနှင့်အတူ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

 

     ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံနှင့်ပူးပေါင်းအဖွဲ့သည် အမှတ် (၄) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့သို့ ရောက်ရှိကာ စာသင်ကြားရန် ရောက်ရှိလာသည့် ကျောင်းသား/ကျောင်းသူများ Reusable Mask, Face Shield တပ်ဆင်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ၊ လက်ဆေးရန် သတ်မှတ်ထားသော နေရာများတွင် စနစ်တကျ လက်ဆေးခြင်းများ၊ စာသင်ခန်းအဝင်၊ စာသင်ခန်းအတွင်း (၆)ပေကွာ ထိုင်ကာ စာသင်ကြားခြင်းတို့အပါအဝင် နေ့စဉ်ဆန်းစစ်ရန် သတ်မှတ်ထားသော COVID-19 ရောဂါ ကာကွယ် တားဆီးရေး စီမံဆောင်ရွက်ရန် အချက်များ စနစ်တကျဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဆွေးနွေးပြောကြားခဲ့ကြပါသည်။

More Tags