ဟားခါးမြို့နယ်တွင် State Level Coordination Meeting on Covid-19 Prevention and Control Activities အစည်းအဝေး ကျင်းပ

ဟားခါး၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၇ ရက်

     ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင်  ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၌ State Level Coordination Meeting on Covid-19 Prevention and Control Activities အစည်းအဝေးကို ပြုလုပ်ခဲ့ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးက အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ မအားလပ်သည့်ကြားမှ အစည်းအဝေးတက်ရောက် လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ စည်ပင်ကော်မတီများနှင့် ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအားလုံး အထူးကျေးဇူးတင်ရှိကြောင်းနှင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုမှ စည်းကမ်းလိုက်နာမှု အထူး လျော့နည်းလာသည်ကို တွေ့ရသဖြင့် လူထုအတွင်း ကူးစက်ရောဂါဆိုင်ရာ စည်းကမ်းချက်များ လိုက်နာဆောင်ရွက်နိုင်ရေး အတွက် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို ညှိနှိုင်းဆွေးနွေးလိုသည့်အတွက် အစည်းအဝေး ခေါ်ရခြင်းဖြစ်ကြောင်း တက်ရောက်လာသည့် လူကြီးမင်းများမှ လက်ရှိအခြေအနေအပေါ် ဆွေးနွေးအကြံပြုစေလိုကြောင်း ပြောကြားပါသည်။

 

     ထို့နောက် ဦးဆလိုင်းလွှန်ဆဝုန်(ညွှန်ကြားရေးမှူး၊ ပြည်နယ်စည်ပင်)၊ ဦးစောမြင့်လွင်(ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်ပို့/ဆက်)၊ ဒေါက်တာရန်နိုင်(ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)၊ ဒေါက်တာဇင်ကိုကိုအောင်(ဆေးရုံအုပ်ကြီး၊ ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့)၊ ဦးနေရဲထွန်း(မြို့နယ်ဒုဦးစီးမှူး၊ မြို့နယ်ထွေအုပ်ရုံး)၊ ဦးဇမန်း(စည်ပင်ကော်မတီ အဖွဲ့ဝင်၊ မြို့နယ်စည်ပင်ကော်မတီအဖွဲ့ဝင်) တို့မှ လက်ရှိအခြေအနေများကို ဆွေးနွေးကြပါသည်။ ဆွေးနွေးချက်များအပေါ်တွင် အောက်ပါအတိုင်း ဆုံးဖြတ်ကြပါသည် -

     စားသောက်ဆိုင်များ၊ တည်းခိုခန်းများ၊ ပုဂ္ဂလိကဆေးခန်းများ၊ Work shop၊ ဆေးဆိုင်၊ အလှပြင်ဆိုင်၊ လောင်စာဆီဆိုင်၊ ဆန်ဆိုင်၊ ဆံသဆိုင်၊ ပုဂ္ဂလိကဈေးဆိုင်များ၊ အဝေးပြေး ဂိတ်များနှင့် ဈေးများရှိ တာဝန်ရှိသူများကို ခေါ်ယူ၍ အသိပညာပေးရန်၊ အသိပေးခြင်းကို လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူမှု ပြုလုပ်သွားရန် ဆွေးနွေးဆုံးဖြတ်ကြသည်။

 
 

More Tags