လောင်းလုံးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (Reorientation Training of PHSII through Mobile Tablet) ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) မွမ်းမံသင်တန်းပြုလုပ်ခြင်း

လောင်းလုံး၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၇ ရက်

     တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကိုမြှင့်တင်ရန် COVID-19 ကာလတွင် Mobile tablet အသုံးပြု၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးဆောင်ရွက်နိုင်ရန် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) မွမ်းမံသင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက် နေ့မှ စတင်၍   ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။

 

     အဆိုပါသင်တန်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းညွန့်ဝင်း က အဖွင့်အမှာစကား ပြောကြား၍ သင်တန်းဆရာများက သင်ကြားပို့ချခဲ့ပါသည်။ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) သင်တန်းသား (၃၂) ဦးတက်ရောက်သည့် အဆိုပါသင်တန်းတွင် စာတွေ့လက်တွေ့သင်ကြားခြင်းများနှင့် mobile tablet မှတစ်ဆင့် လေ့လာသင်ယူစေခြင်းများဖြင့် နှစ်လတာ သင်ကြားပို့ချမည် ဖြစ်ပါသည်။

More Tags