ကျိုင်းတုံမြို့နယ်တွင် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် ဒေသခံ စေတနာ့ဝန်ထမ်း ဆရာဖြစ်သင်တန်း ကျင်းပပြုလုပ်

ကျိုင်းတုံ၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၆ ရက်

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သူနာပြု /သားဖွားသင်တန်းကျောင်း၊ အစည်းအဝေး ခန်းမ၌ “တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် ဒေသခံစေတနာ့ဝန်ထမ်း ဆရာဖြစ်သင်တန်း”ကို (၂၆.၇.၂၀၂၀) ရက်နေ့မှ  (၂၇.၇.၂၀၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး လူဦးရေ (၃၀)ခန့် တက်ရောက်ခဲ့သည်။ အဆိုပါ ဆရာဖြစ်သင်တန်းတွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်၊ နေပြည်တော်မှ ဒေါက်တာထားထားလင်း(စီမံချက်မန်နေဂျာ)၊ ဒေါက်တာအေးမြချမ်းသာ (လက်ထောက်ညွှန်ကြားရေး မှူး)၊ ဒေါက်တာသဲဦးခိုင် (အဖွဲ့ခေါင်းဆေင်ဆရာဝန်)နှင့် ဒေါက်တာကျော်ကျော်ချို (Unicef)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ဒေါက်တာသူဇာချစ်တင် (ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)၊ ဒေါက်တာနှင်းအိဖြူ(လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါက်တာဇဝနကို (လက်ထောက် ညွှန်ကြားရေးမှူး)၊ လဲချားနှင့် နမ့်စန်မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ခံများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ဒေါက်တာရဲညွှန့် (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါက်တာလင်းထက်အောင် (အဖွဲ့ခေါင်းဆေင်ဆရာဝန်)၊ လားရှိုးနှင့် လဲချားမြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး များနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ခံများ၊  ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ဒေါက်တာမြင့်ကျော် (ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး)၊ ဦးကျော်စွာထွန်း (မြို့နယ်ကျန်းမာရေးမှူး)၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းခတ်၊ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းပျဉ်းနှင့် မက်မန်းမြို့နယ်များမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်၊၊

 

     ရှမ်းပြည်နယ်အတွင်းရှိ သတ်မှတ်ထားသောမြို့နယ်များတွင် ဒေသခံစေတနာ့ဝန်ထမ်းများ ရွေးချယ်ပြီး ထိရောက်သောသင်တန်းပေးအပ်နိုင်ရန်နှင့် စေတနာ့ဝန်ထမ်းများ တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းနှင့်ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်သော ကြီးကြပ်ပံ့ပိုးမှုပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ “တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် ဒေသခံစေတနာ့ဝန်ထမ်းဆရာဖြစ်သင်တန်း”ကို (၂၆.၇.၂၀၂၀)ရက်နေ့ မနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အဖွင့်အမှာ စကားပြောကြားပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်၊ နေပြည်တော်မှ တာဝန်ရှိသူများက သင်တန်းဆရာအဖြစ် (၂) ရက်တာသင်တန်းပေးကာ (၂၇.၇.၂၀၂၀) ရက်နေ့ ညနေ (၄)နာရီအချိန်တွင် သင်တန်း ပြီးဆုံးကြောင်း သတင်းရရှိသည်။

More Tags