ကျိုင်းတုံမြို့နယ်တွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ပထမနှင့် ဒုတိယ သုံးလပတ် လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲ ကျင်းပခြင်း

ကျိုင်းတုံ၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၈ ရက်

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ “တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ပထမနှင့် ဒုတိယ သုံးလပတ် လုပ်ငန်းဆန်းစစ်ဆေးနွေးပွဲ” ကို (၂၈.၇.၂၀၂၀) ရက်နေ့တွင် သူနာပြု/သားဖွား သင်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ နေပြည်တော်မှ ဒေါက်တာအေးမြချမ်းသာ(လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါက်တာသဲဦးခိုင် (အဖွဲ့ခေါင်းဆေင်ဆရာဝန်)၊ ဒေါက်တာကျော်ကျော်ချို (Unicef)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မြို့နယ်(၁၀)မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းတာဝန်ခံ (EPI focal person) များနှင့် Health Poverty Action အဖွဲ့မှ တာဝန်ခံများ စုစုပေါင်း (၃၁)ဦး တက်ရောက်ခဲ့သည်။

 

     မြို့နယ်အလိုက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်၍ ပထမနှင့်ဒုတိယ သုံးလပတ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ၊ ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းများ ပြန်လည်ဆန်းစစ်ရန်၊ အားသာချက်၊ အားနည်းချက်များဖော်ထုတ်ပြီး ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များရေးဆွဲရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ပထမနှင့်ဒုတိယ သုံးလပတ် လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို မနက် (၉:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ပြီး မြို့နယ်များမှ ပထမနှင့်ဒုတိယ သုံးလပတ် အတွင်း ဆောင်ရွက်ခဲ့သည့် တင်ပြဆွေးနွေးကြရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ရှိသူများမှလည်း မြို့နယ်များ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ပါဝင်ကူညီပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့ကာ ညနေ (၄)နာရီအချိန်တွင် အောင်မြင်စွာ ပြီးဆုံးကြောင်း သတင်းရရှိသည်။

 

 
 

More Tags