သရက်ချောင်းမြို့နယ်၊ မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်များတွင် Multiplier Training on Reproductive Health Commodity Logistics System သင်တန်းများ ပြုလုပ်ကျင်းပ

သရက်ချောင်းမြို့၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်

     တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်များတွင် တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ZENITH TRI တို့ပူးပေါင်း၍ Multiplier Training on Reproductive Health Commodity Logistics System သင်တန်းများကို သရက်ချောင်းမြို့နယ်တွင် (၂၀-၂၅.၇.၂၀၂၀ ရက်နေ့အထိ )၊ မြိတ်မြို့နယ်တွင် (၂၁-၂၆.၇.၂၀၂၀ ရက်နေ့အထိ) နှင့် တနင်္သာရီမြို့နယ်တွင် (၂၆-၃၁.၇.၂၀၂၀ ရက်နေ့အထိ) ပြုလုပ်ဆောင်ရွက်ခဲ့ ပါသည်။ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများထောက်ပံ့ဖြန့်ဖြူးသည့် စနစ်အား ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ပြုလုပ်ဆောင်ရွက်သည့် အဆိုပါ သင်တန်းများတွင် သက်ဆိုင်ရာမြို့နယ်များမှ အခြေခံကျန်းမာရေးပညာရှင်များ တက်ရောက်သင်ကြားပါသည်။

 

More Tags