တာလောကြီးတိုက်နယ်ဆေးရုံသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ကွင်းဆင်းကြီးကြပ်

မြစ်ကြီးနားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ( ၂၄) ရက်

     ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၄) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ တာလောကြီးတိုက်နယ်ဆေးရုံသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဦးနေဝင်းနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းတို့ ကွင်းဆင်းသွားရောက်ခဲ့ပါသည်။ ထို့သို့ကွင်းဆင်းသွားရောက်ရာတွင် တာလောကြီး (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံရှိ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး၍ ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် အားပေးလမ်းညွှန်မှုများပေးခဲ့ပါသည်။

More Tags