ပုသိမ်မြို့တွင် Mobile Tablet ပေးအပ်ပွဲနှင့် Reorientation for PHS ll သင်တန်း ကျင်းပပြုလုပ်

ပုသိမ်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၂) ရက်

     ဧရာ၀တီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမ၌ (၂၂-၇-၂၀၂၀) ရက်နေ့တွင် Mobile Tablet ပေးအပ်ပွဲနှင့် Reorientation for PHS ll သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က အဖွင့်အမှာစကားပြောကြားပါသည် ။ အဆိုပါအခမ်းအနားကို (၂၂-၇-၂၀၂၀) ရက်နေ့မှ (၂၄-၇-၂၀၂၀) ရက်နေ့အထိ (၃) ရက်ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သင်တန်းဆရာများ၊ မြို့နယ်များမှ သင်တန်းပြန်လည်ပို့ချပေးမည့် သင်တန်းတာ၀န်ခံ (၂) ဦး တက်ရောက်ခဲ့ကြပါသည်။

 

More Tags