ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID -19 ရောဂါကာကွယ်တားဆီးရေး ဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနားမြို့၊ ၂၀၂၀ပြည့်နှစ် ဇူလိုင်လ (၁၈) ရက်

     ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ရောဂါကာကွယ်တားဆီးရေး ဆောင်ရွက်ရန် ​ပြင်ဆင်ထားရှိမှုအခြေအနေကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်(၁၈) မြို့နယ်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ လမ်းညွှန်ချက်များအတိုင်း COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆောင်ရွက်မှု အခြေအနေဆန်းစစ်ပုံစံများကို အသုံးပြု၍ သက်ဆိုင်ရာကျောင်းများသို့ သွားရောက်ကွင်းဆင်း စစ်ဆေးလျက်ရှိပါသည်။

More Tags