ချင်းပြည်နယ်ရှိ အခြေခံကျန်းမာရေးဝန်ထမ်းများအား Mobile Tablet အသုံးပြုနည်း ဆရာဖြစ်သင်တန်း ပို့ချ

ဟားခါးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၆) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန် Mobile Tablet များကို ဖြန့်ဝေခဲ့ပြီးဖြစ်ပါသည်။ ၎င်း Mobile Tablet များ အသုံးပြုနည်း ဆရာဖြစ်သင်တန်းကို (၁၆-၇-၂၀၂၀) ရက်နေ့မှ (၁၇-၇-၂၀၂၀) ရက်နေ့အထိ Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ချင်းပြည်နယ် (၉) မြို့နယ်မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြပါသည်။

More Tags