ဟားခါးမြို့တွင် Mobile Tablet အသုံးပြု၍ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ မွမ်းမံသင်တန်း ပို့ချ

ဟားခါးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၂) ရက်

     Mobile Tablet အသုံးပြု၍ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ မွမ်းမံသင်တန်း ပို့ချခြင်းဆိုင်ရာ ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့တွင် ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

 

     အဆိုပါသင်တန်းသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သင်တန်းဆရာများနှင့် ချင်းပြည်နယ် မြို့နယ်(၉)မြို့နယ်မှ တာဝန်ရှိသင်တန်းဆရာများ တက်ရောက်ပြီး သင်တန်းအား (၂၄-၇-၂၀၂၀)ရက်နေ့ထိ သင်တန်းပို့ချသွားမည် ဖြစ်ပါသည်။

More Tags