မြို့သစ်မြို့နယ်တွင် HMIS Training(Data Dictionary new version) မွမ်းမံသင်တန်း ကျင်းပပြုလုပ်

မြို့သစ်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၀) ရက်

     မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် မြို့သစ်မြို့နယ် အ.ထ.က (၁) ခန်းမတွင် MRCS/DRC ၏အထောက်အပံ့ဖြင့် Health Management Information System(HMIS) Training မွမ်းမံသင်တန်းကို (၂၀-၇-၂၀၂၀) ရက်နေ့ မှစတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     အဆိုပါသင်တန်းကို COVID-19ကာကွယ်တာဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အခြေခံကျန်းမာရေးပညာရှင်များအား အသုတ် ၃ သုတ်ခွဲ၍ ၁ သုတ်လျှင် ၃ ရက် စီသင်ကြားပေးလျက်ရှိပါသည်။ သင်တန်းဆရာများမှာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊စီမံကိန်း ကျန်းမာရေးသတင်းအချက်အလက်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ၊ ကျန်းမာရေးမှူးအဆင့်(၁) တို့မှ တာဝန်ယူသင်ကြားပေးလျက်ရှိပါသည်။

More Tags