ရမည်းသင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် အတန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပညာရေးနှင့်ကျန်းမာရေး ပူးပေါင်းစစ်ဆေး

ရမည်းသင်းမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၈) ရက်

     ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၈) ရက်နှင့် (၁၉) ရက်နေ့များတွင် နံနက် (၉) နာရီအချိန်မှစ၍ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် အထကခွဲကျောင်း (၂၇) ကျောင်းများအား၂၀၂၀-၂၀၂၁ ပညာသင်နှစ်ဖွင့်လှစ်နိုင်ရေး COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချူပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ထားရှိမှုအခြေအနေတို့ကို စာသင်ကျောင်းများစစ်ဆေးခြင်းပုံစံ check list ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော် ဦးဆောင်၍ ခရိုင်ကျောင်းကျန်းမာရေးဆရာဝန်၊ သွားနှင့်ခံတွင်းဆရာဝန်များ၊ သက်ဆိုင်ရာအခြေခံကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းစစ်ဆေးခဲ့ကြပါသည်။

More Tags