ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အစီရင်ခံစာနှင့် မှတ်တမ်းစာအုပ်များအား ပြည်ထောင်စုဝန်ကြီးထံ တင်ပြပေးအပ်

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇူလိုင်လ (၁၈) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က "ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ (ဇန်နဝါရီလ မှ ဇွန်လအထိ) ဆောင်ရွက်ထားရှိမှု အစီရင်ခံစာ နှင့် မှတ်တမ်း" စာအုပ်များအား တင်ပြပေးအပ်မှုကိုလက်ခံခဲ့ပါသည်။

 
 

More Tags