ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဆေးလိပ်ငွေ့ကင်းစင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများ ထူထောင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေး

ကျိုင်းတုံမြို့၊၂၀၂၀ပြည့်နှစ်၊ဇူလိုင်လ (၁၆)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျိုင်းတုံမြို့မှ ဦးဆောင်ကာ “ပြည်နယ်အဆင့် ဆေးလိပ်ငွေ့ ကင်းစင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်အခြေခံပညာကျောင်းများ ထူထောင်ရေး တာဝန် ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေး”ကို (၂၀၂၀)ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့၊ နံနက် (၉)နာရီ၌ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးရဲနိုင်မှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလဲ့ထွဋ်က ဆေးလိပ်ငွေ့ကင်းစင် ကျောင်းများ၊ တက္ကသိုလ်များ ထူထောင်ရေးအတွက် နည်းဗျူဟာများ၊ ဆောင်ရွက်ရန်လုပ်ငန်းများကို တင်ပြ​ဆွေးနွေးခဲ့ပါသည်။


     ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး ကော်မတီဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မိဘဆရာအသင်းများမှ ကိုယ်စားလှယ်များက ဆေးလိပ်ငွေ့ကင်းစင်ကျောင်းများ၊ တက္ကသိုလ်များ တည်ထောင်ရေး ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

 

More Tags