မကွေးမြို့နယ်အတွင်း ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်

မကွေးမြို့၊၂၀၂၀ပြည့်နှစ်၊ဇူလိုင်လ(၁၄)ရက်

     မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ်တွင် (၈-၇-၂၀၂၀) ရက်နေ့မှ (၁၇-၇-၂၀၂၀) ရက်နေ့ထိ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးသန်ချဆေးပေါင်း တိုက်ကျွေးခြင်း လုပ်ငန်းအား (၁၇) ကြိမ်မြောက်အဖြစ် ဆောင်ရွက်လျက် ရှိပါသည်။

 


     အဆိုပါလုပ်ငန်း ဆောင်ရွက်မှုအား (၁၄-၇-၂၀၂၀) ရက်နေ့၌ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (တီဘီ/ အနာကြီး/ မျက်မမြင်နှင့် မျက်ခမ်းစပ်) ဒေါက်တာ စည်သူအောင်၊ ဗဟို (ရ၊ပ၊က၊န) မှ ဒေါက်တာအောင်မွန်၊ မကွေးတိုင်း (ရ၊ပ၊က၊န) မှ ဒေါက်တာကြည်သာဆွေတို့မှ မကွေးမြို့နယ် ဝါဂွမ်းကျေးရွာတွင် ဆင်ခြေထောက်‌ရောဂါသန်ချဆေးပေါင်း DOT လိုက်လံတိုက်ကျွေးနေမှုအား ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ကြရာတွင် အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ လူမှုစေတနာ့ ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ တစ်အိမ်တက်ဆင်း သန်ချဆေးပေါင်း တိုက်ရိုက်တိုက်ကျွေးခြင်း ဆောင်ရွက်လျက်ရှိကြကြောင်း သတင်းရရှိပါသည်။

 

 
 

More Tags