ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး သန်ချဆေးတိုက်ကျွေးရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် (၁၃)ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်တွင် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူကုန်ဆေးတိုက်ကျွေးရေး လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၈) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။ ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၈) ရက်နေ့မှ (၁၇) ရက်နေ့အထိ (၁၀) ရက်ကြာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

 

More Tags