Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ (8-7-2020)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၈) ရက်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇူလိုင်လ (၈)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လာရောက် လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

ရှေးဦးစွာ လှူဒါန်းမှုများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားရာတွင် -

• မိမိတို့နိုင်ငံတွင် လက်ရှိ၌ COVID-19 ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားလျက်ရှိပြီး ထိုသို့ထိန်းချုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• ယခုလှူဒါန်းမှုများသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ပရှိမြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၉) ရုံးနှင့် ပြည်ပရှိ ကုပ္မဏီများနှင့် အဖွဲ့အစည်းများက နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်လှူဒါန်းလာသည့် အလှူငွေများနှင့် လှူဒါန်းမှုပစ္စည်းများဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် -

• ယခုအချိန်၌ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့ပေါင်းစုံနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် အတိုင်းအတာတစ်ခုအထိ ရောဂါထိန်းချုပ်ထားနိုင်သော်လည်း ပေါ့ဆ၍ မရပါကြောင်း၊

• ယခုကဲ့သို့လှူဒါန်းမှုများသည် ယခု COVID-19 ဖြစ်စဉ်တွင် လူနာများအတွက် အသုံးပြုနိုင် မည်သာမက ရေရှည်တွင် ကျန်းမာရေးစနစ်ပိုမိုကောင်းမွန်စေမည့် အရင်းအနှီး အထောက်အပံ့များ ဖြစ်သဖြင့် အကြိမ်ကြိမ်အကျိုးရှိနေမည် ဖြစ်ပါကြောင်း၊


• ဤ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ပံ့ပိုးမှုများရယူခြင်းတို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းကူညီဆောင်ရွက်ခဲ့မှုများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

လှူဒါန်းပွဲတွင် -

• ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၉) ရုံးတို့က အလှူငွေကျပ် (၁၅) သိန်းနှင့် အမေရိကန်ဒေါ်လာ (၆,၇၀၀)၊

• နိုင်ငံခြားရေးဝန်ကြီးဌာနမှ N 95 Mask (၃,၀၀၀) ခု နှင့် Surgical Mask (၁၀,၀၀၀) ခု၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့အခြေစိုက် ရွှေချိုက်ကုမ္ပဏီ (Kunming Cuicai Trading Co.Ltd) က အလှူငွေ ကျပ် (၁၈,၅၈၇,၀၀၀)၊

• ထိုင်းနိုင်ငံအခြေစိုက် ZMW Solution မှ အမှုဆောင်အရာရှိချုပ် ဦးဇော်မိုးဝင်းက တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံ (၃၀) နှင့် Face shield (၃၀၀) ခု၊

• ဂျပန်နိုင်ငံရှိ Japan YUAI Foundation၊ Amazing Asia Association နှင့် Saitama ပြည်နယ်မှ Yoshinosato (Health and Welfare) Group တို့မှ Mask (၁၄,၉၀၀) ခုတို့အားလှူဒါန်းခဲ့မှုများအား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နှင့် အမြဲတမ်းအတွင်း ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းတို့က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

More Tags