ထန်တလန်မြို့နယ်ရှိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ကွင်းဆင်းစစ်ဆေး

ထန်တလန်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်

     ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး (သူနာပြု)၊ လက်ထောက်ညွှန်ကြားရေးမှူး (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ)၊ လက်ထောက်ညွှန်ကြားရေးမှူး (သတင်းအချက်အလက်)၊ ဦးစီးအရာရှိ(သူနာပြု)နှင့် အာဟာရကျွမ်းကျင်ပညာရှင်တို့ လိုက်ပါလျက် ထန်တလန်မြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်ပါသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာလုပ်ငန်းများ၊ ကလေးကျန်းမာရေးလုပ်ငန်းဆိုင်ရာများ၊ HMIS ဆိုင်ရာများ၊ အာဟာရဆိုင်ရာလုပ်ငန်းများ၊ ရုံးလုပ်ငန်းဆောင်ရွက်မှုများ၊ ဆေးရုံလုပ်ငန်းဆောင်တာများကို စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြပါသည်။

More Tags