‌ ညောင်ဦးမြို့နယ်ရှိ ဟော်တယ်များ၊ မော်တယ်များ၊ တည်းခိုခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ညောင်ဦးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ၂၉ ရက်

     ညောင်ဦးမြို့နယ်ရှိ ဟော်တယ်များ၊ မော်တယ်များ၊ တည်းခိုခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ ညောင်ဦးမြို့နယ်ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ ဖွဲ့စည်းထားသော စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးဦးကျော်ခိုင်၀င်း၊ ညောင်ဦးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးသန်းလင်းအောင်၊ ညောင်ဦးမြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှိုင်ဘွား၊ ညောင်ဦးမြို့နယ် စည်ပင်သာယာဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးဇော်မျိုးသက် တို့ပါ၀င်သော စစ်ဆေးရေးအဖွဲ့သည် ညောင်ဦးမြို့နယ်ရှိ ဟော်တယ်၊ မော်တယ်နှင့် တည်းခိုခန်းများ ဖွင့်လှစ်နိုင်ရေး ကျန်းမာရေးဌာနှင့်အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြင်ဆင်ထားရှိမှုရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

 
 

More Tags