လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း အရှိန်အဟုန်မြှင့် လုပ်ဆောင်

လှိုင်းဘွဲ့၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၆ ရက်

     ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးမှု လျော့နည်းစေရေးအတွက် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုကိုခံယူလျှက် ကရင်ပြည်နယ် ရပကနအဖွဲ့နှင့် လှိုင်းဘွဲ့မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း အရှိန်အဟုန်မြှင့် လုပ်ဆောင်ခြင်း အား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြသည်။

 

     ထိုသို့ဆောင်ရွက်နေမှုအား ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုတို့ လာ‌ရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။ မြိုင်ကြီးငူ မြို့လုံးကျွတ်ဆောင်ရွက်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေး လုပ်ငန်းအား ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဘားအံနှင့် လှိုင်းဘွဲ့မြို့နယ်များမှ လူမှုကူညီရေးအဖွဲ့အစည်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်နေပြည်သူများ အတူ ပူး‌ပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

More Tags