COVID-19 ရောဂါနှင့် ပတ်သက်သည့် Clinical Management Committee ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၉) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ COVID-19 ရောဂါနှင့် ပတ်သက်သည့် Clinical Management Committee ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် (၂၉-၆-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ Clinical Management Committee ဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ကုသရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ဒေါက်တာရဲမြ၊ Clinical Management Committee အဖွဲ့ဝင် ပါမောက္ခများ၊ Confirmed Case for COVID-19 များ လက်ခံကုသမှုပေးနေသည့် ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများနှင့် Clinical Management Committee အဖွဲ့ဝင် အထူးကုဆရာဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။

 

     အဆိုပါ အစည်းအဝေးတွင် ဆေးရုံများအလိုက် COVID-19 ရောဂါကုသရေးအတွက် လက်ရှိ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ လူနာများ၏ ကျန်းမာရေးအခြေအနေများ၊ ဆေးကုသမှု ဆိုင်ရာ ကုထုံးများနှင့် အကျိုးရလဒ်များ၊ လူနာများ၏ ရောဂါလက္ခဏာဆိုင်ရာ တွေ့ရှိချက်များ၊ ကမ္ဘာ အဝှမ်းမှ ဆောင်ရွက်သော သုတေသနဆိုင်ရာ တွေ့ရှိချက်များ၊ လူနာများနှင့်ပတ်သက်သည့် လေ့လာမှုများ ဆက်လက်ဆောင်ရွက်ရန် အချက်အလက်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဆေးရုံကြီးများမှ လူနာများ လက်ခံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးကြပြီး ညနေ (၃:၃၀) နာရီအချိန်တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

More Tags