ထန်တလန်မြို့နယ် မှောင်တလန်တိုက်နယ်ဆေးရုံသို့ ဆေးရုံသုံးပစ္စည်း လှူဒါန်းခြင်းအခမ်းအနား တက်ရောက်ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

ဟားခါး၊ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂၇)ရက်

     ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင် ချင်းပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံသည် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (သူနာပြု)၊ လက်ထောက်ညွှန်ကြားရေးမှူး(မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ)၊ ထန်တလန်မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းပွားနှင့် ဦးစီးအရာရှိ(သူနာပြု)တို့ လိုက်ပါလျက် ထန်တလန်မြို့နယ်၊ မှောင်တလန်တိုက်နယ်ဆေးရုံသို့ ဆေးရုံသုံးပစ္စည်း လှူဒါန်းခြင်းအခမ်းအနား တက်ရောက်ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။


     ရှေးဦးစွာ မှောင်တလန်တိုက်နယ်ဆေးရုံသို့ ဆေးရုံသုံးပစ္စည်းလှူဒါန်းခြင်း အခမ်းအနား တက်ရောက်ရာ မှောင်တလန်ကျေးရွာနေ ဒေသခံများနှင့် ပြည်ပရောက် မှောင်တလန်ကျေးရွာ ဒေသခံများမှ စုစုပေါင်း (၆၈၆၆၃၀၀) ကျပ်တန်ဖိုးရှိ ဘီဒို၊ မွေ့ယာ၊ မွေ့ယာစွပ်၊ ခေါင်းအုံး၊ ထိုင်ခုံ၊ မီးစက်၊ ဒိုင်နမို၊ LED Lamp, Patient Monitor, Disinfection cord, Oxygen cylinder နှင့် Fowler's bed များကို လှူဒါန်းခြင်း၊ Mercy Par Company မှ Reception counter, လူနာစောင့်ထိုင်ခုံ(စတီး)နှင့် စားပွဲများကို လှူဒါန်းခဲ့ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ၊ ထန်တလန်မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းပွားနှင့် မှောင်တလန်တိုက်နယ်ဆရာဝန် ဒေါက်တာမျိုးမင်းသန့်တို့မှ လက်ခံခဲ့ပြီး ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံမှ မှောင်တလန်တိုက်နယ် ဆေးရုံအတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

More Tags