ပင်းတယမြို့နယ်၊ ဇော်ဂျီကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပင်းတယမြို့နယ်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၆) ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်၏ စီစဉ်ညွှန်​ကြားမှုဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ပွေးလှတိုက်နယ်ဆရာဝန် ဒေါက်တာမို့မို့ကျော် (SMO) ဦးဆောင်သော ပွေးလှတိုက်နယ်ကျန်းမာ​ရေးဌာမှ အခြေခံကျန်းမာရေးပညာရှင်များ၊ မြန်မာနိုင်ငံကျန်းမာရေးမှုးအသင်း (ပင်းတယ) နှင့် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်း(ပင်းတယ)တို့သည် ထွက်နီကျေးလက်ကျန်းမာ​ရေးဌာနခွဲအပိုင် ဇော်ဂျီကျေးရွာသို့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

     အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လန်းနှိမ်နင်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ​သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်သော အချက်အလက်များကို လော်စပီကာဖြင့် နှိုးဆော်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များကို လက်ကိုင်စပီကာများဖြင့် ကျေးရွာအတွင်း လှည့်လည်နှိုးဆော်ဆောင်ရွက်ခဲ့ပါသည်။

More Tags