ချင်းပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး နှာရိန်တိုက်နယ်ဆေးရုံနှင့် နှာရိန်ကျေးလက်ကျန်းမာရေးဌာနသို့ ကွင်းဆင်းစစ်ဆေး

ဟားခါး၊ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂၇)ရက်

     ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင် ချင်းပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံသည် လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)၊ လက်ထောက်ညွှန်ကြားရေးမှူး(မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ)၊ ထန်တလန်မြို့နယ် ကုသရေးဦးစီးဌာနမှူးနှင့် ဦးစီးအရာရှိ(သူနာပြု)တို့ လိုက်ပါလျက် ထန်တလန်မြို့နယ်ရှိ နှာရိန်တိုက်နယ်ဆေးရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။


     ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး နှာရိန်တိုက်နယ်ဆေးရုံဖွင့်လှစ်နိုင်ရေး ဆွေးနွေးကြပါသည်။ ထို့နောက် ဆေးရုံအတွင်းနှင့် ကျေးလက်ကျန်းမာရေးဌာနသို့ လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

More Tags