ချင်းပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး အိုင်ဘူရ်းကျေးလက် ကျန်းမာရေးဌာနသို့ ကွင်းဆင်းစစ်ဆေး

ဟားခါး၊ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂၇)ရက်

     ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင် ချင်းပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံသည် လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)၊ လက်ထောက်ညွှန်ကြားရေးမှူး (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ)၊ ထန်တလန်မြို့နယ် ကုသရေးဦးစီးဌာနမှူးနှင့် ဦးစီးအရာရှိ(သူနာပြု)တို့ လိုက်ပါလျက် ထန်တလန်မြို့နယ်ရှိ အိုင်ဘူရ်းကျေးလက်ကျန်းမာရေးဌာနသို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

 


     ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေး ကော်မတီဝင်များနှင့် တွေ့ဆုံပြီး အိုင်ဘူရ်းကျေးလက်ကျန်းမာရေးဌာန ခြံစည်းရိုးကာနိုင်ရေးများ ဆွေးနွေးကြပါသည်။ ထို့နောက် ကျေးလက်ကျန်းမာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

 

More Tags