ပင်းတယမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပင်းတယမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၅) ရက်

     ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ရှမ်း​ပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်၊ ကျုံးကျေးလက်ကျန်းမာရေးဌာနမှကျန်းမာရေးမှုး ဒေါ်ကေသီလွင်ဦးဆောင်မှုဖြင့် အခြေခံကျန်းမာရေး ကျွမ်းကျင်ပညာရှင်တို့သည် ကျေးရွာအုပ်ချုပ်ရေးမှူး၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်းကာ မြင်းမူးကျေးလက်ကျန်းမာရေးဌာနခွဲအပိုင် ရေပုတ်ကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

     အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်စသည်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လန်း နှိမ်နင်းခြင်း၊ အဘိတ်ဆေးခပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များကို လက်ကိုင်စပီကာများဖြင့် ကျေးရွာအတွင်းလှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ပါသည်။

More Tags