ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး၌ State Level Quarterly Child Death Surveillance Response (CDSR) Meeting ကျင်းပ

ဟားခါး၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၃ ရက်

     ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် Access to health fund တို့ပူးပေါင်း၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် State Level Quarterly Child Death Surveillance Response(CDSR) Meeting ကျင်းပရာ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အဖွင့် အမှာ စကား မြွက်ကြားခဲ့ပါသည်။ ထို့နောက် ကလေးသေဆုံးမှု စောင့်ကြပ်လေ့လာခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို ဦးစီးအရာရှိ(သူနာပြု) ဒေါ်ခေါမွေငူးရီမှ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်သူများမှ ရှေ့လုပ်ငန်းစဉ်များနှင့် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြပါသည်။

 
 

More Tags