ပင်းတယမြို့၌ Covid-19 ကာလအတွင်း ဖြစ်ပေါ်လာနိုင်သောအိမ်တွင်းအကြမ်းဖတ်မှုများ၊ မျိုးဆက်ပွားကျန်းမာရေးသိကောင်းစရာများနှင့် လိင်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးသင်တန်းကျင်းပ

ပင်းတယမြို့နယ်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၂) ရက်

     ပင်းတယမြို့နယ်ရှိ စေတနာ့ဝန်ထမ်းလူငယ်ချန်ပီယံများကို Covid-19 ကာလအတွင်း ဖြစ်ပေါ်လာနိုင်သော အိမ်တွင်းအကြမ်းဖက်မှုများ၊ ဆယ်ကျော်သက်နှင့် လူငယ်တို့၏ လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်သော အခြေခံသတင်းအချက်အလက်များကို လူထုအတွင်း လက်ဆင့်ကမ်းပြောကြားပေးနိုင်မည့်သင်တန်းကို ဇွန်လ (၉)ရက်မှ (၁၃)ရက်နေ့အထိ ရှမ်ပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ ပြည်သူ့ဆေးရုံခန်းမတွင်ကျင်းပခဲ့ရာ စေတနာ့ဝန်ထမ်းလူငယ်ချန်ပီယံ (၁၀၁)ဦး တက်ရောက်ခဲ့သည်။

 

     အဆိုပါသင်တန်းတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူးဒေါက်တာမို့မို့ကြည်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ Myanmar Partners in Policy and Research သုတေသနဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းမှ ဒေါက်တာ​ဖြိုးသက်လွင် (Program Manager) နှင့်အဖွဲ့က Covid-19 ကာလအတွင်း ဖြစ်ပေါ်လာနိုင်သော အိမ်တွင်းအကြမ်းဖက်မှုများ၊ ကျား/မအခြေပြု အကြမ်းဖက်မှုကို ရပ်တံ့ရန် သိကောင်းစရာများ၊ ဆယ်ကျော်သက်နှင့် လူငယ်တို့၏ လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်သော အခြေခံသတင်းအချက်အလက်များကို လူထုအတွင်း လက်ဆင့်ကမ်းပြောကြားပေးနိုင်မည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားပေးခဲ့ပါသည်။

     ယခုကျင်းပပြုလုပ်သည့်ဆွေးနွေးပွဲသို့ COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း စည်းကမ်းတကျဆောင်ရွက်ဆွေးနွေးခဲ့ကြပြီး ပင်းတယမြို့နယ်ရှိCSOအဖွဲ့များ၊ ကျန်းမာရေးအဖွဲ့များကို နေ့အလိုက်အုပ်စုများခွဲကာဆွေးနွေးပို့ချပေးခဲ့ပြီး တက်ရောက်လာသော သင်တန်းသား/သူများကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

More Tags