မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) Coronavirus disease 2019 (COVID-19) ဇီဝလုံခြုံမှုအဆင့်-၃ ဓါတ်ခွဲခန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပ

မော်လမြိုင်မြို့၊ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၉) ရက်

     ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) Coronavirus disease 2019 (COVID-19) ဇီဝလုံခြုံမှုအဆင့်-၃ ဓါတ်ခွဲခန်း ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အဖွင့်အမှာစကားကို ပြောကြားခဲ့ပြီး ဓါတ်ခွဲခန်းအတွင်း အသုံးပြုရသည့် စက်ပစ္စည်းများ လှူဒါန်းပေးခဲ့သည့် အလှူရှင် ဝေအောင်ကမ္ဘာ ကျောက်မျက်ရတနာ ကုမ္ပဏီ လီမိတက်အား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး အလှူရှင်အား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။

 

     ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ် လွှတ်တော် ဉက္ကဌ ဒေါ်တင်အိ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (တီဘီ/အနာကြီး)၊ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆေးရုံအုပ်ကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အရာရှိများ၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)တွင် တာဝန်ထမ်းဆောင် နေသော အထူးကုဆရာဝန် (အဏုဇီဝဗေဒ) နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

More Tags