COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (13-6-2020, 8:00 AM)

၁။ (၁၂-၆-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင်
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၆၆၇)ခု အား ယနေ့၊ နံနက်အစောပိုင်းစစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရပါ။

၂။ (၁၃-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၆၁) ဦးရှိပါသည်။

၃။ (၁၂-၆-၂၀၂၀)ရက်နေ့တွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယ အသုတ်) ဓာတ်ခွဲနမူနာ (၁,၁၃၇)ခု၊
• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၄၅)ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDM)မှ ဓာတ်ခွဲနမူနာ (၂၉၈)ခုနှင့်
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)(PHL-MLM)မှ ဓာတ်ခွဲနမူနာ (၂၂၄)ခု၊
စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၈၀၄)ခုအား စစ်ဆေးပြီးစီးခဲ့ပါသည်။

More Tags